ko latt

Wednesday, July 30, 2014

ဧပရယ်...သို့(၂)

-အသက်တမျှ ချစ်ရပါသော
ဧပရယ်...
မင်းကြောခိုင်း စွန့်ခွာသွားတဲ့
အတိတ်ဟောင်းတစ်ခုကို
အသစ်အဖြစ် ပြန်ပြောင်းလဲရင်...
အေးစက်မာကြောနေတဲ့
နှလုံးသားအတုနဲ့နောက်တစ်ကြိမ်
ပြန်ဆုံရမှာ...ငါကြောက်တယ်...
တစ်ခဏတာ ပျော်ရွှင်မှု့အတွက်"လှည့်စားခြင်း"..
ဆိုရင်..ငါ့ရင်ခွင်ကို နင်းခြေသွားပါ..
နှလုံးသားကြောက်ရုပ်ဖြစ်သွားမှာထက်
ကွဲကြေ ကျိုးပဲ့ပျက်စီးသွားတာ
ပိုပြီးကောင်းပါတယ်...ဧပရယ်
ချစ်ခဲ့တာကို..ချစ်ရတတ်မှန်း
မင်းမသိခဲ့ပေမယ့်...အသဲနှတဲ့
နင်းခြေလမ်းမှာ
အက်ကွဲခြေရာကျန်ခဲ့တယ်လေ.....

No comments:

Post a Comment