ko latt

Wednesday, July 30, 2014

ကြွေမွဂီတ

*ဦးတည်ချက်ကင်းမဲ့တဲ့
လေညင်းတွေကခုန်လိုက်တိုင်း
ပူဆွေးတဲ့သံစဉ်တစ်ချို့လိုက်ပါသွားကြတယ်...
-နှလုံးသားတစ်ခုရဲ့အက်ကွဲမှု့ကို
ဂီတဆိုတဲ့ ရေစီးကြောင်းထဲမှာ
အကြွင်းမဲ့ စီးမျောစေခဲ့ရင်
မျှောင့်လင့်ခြင်းတွေကုန်ဆုံးတဲ့
သံယောဇဉ်တစ်ချို့ကြောင့်
ငါ့မာနတွေ
ပျောက်ဆုံးသွားမှာစိုးတယ်....
ဒါပေမယ့်...ချစ်သူရယ်
အလွမ်းနက်တဲ့ အမှောင်ထုထဲမှာ
အချစ်ဆိုတဲ့အရာကို
လိုက်ပြီးရှာဖွေဖို့ဆိုတာ
ငါ့အတွက်တော့....
ဝေးကွာနေဦးမှာ...အမှန်ပါပဲ
                               kozin(ဓာတု)

No comments:

Post a Comment