ko latt

Monday, August 4, 2014

နင်ပျော်ရွှင်စေဖို့....

*ချစ်သူရေ......
ငါငိုနေခဲ့တယ်
နေ့နဲ့ညသက်သေပေါ့..အဲဒါ
မင်းကို လွမ်းလို့လေ....
*ချစ်သူရေ......
ငါပျော်နေခဲ့တယ်
ငါ့အပြုံးတွေက သက်သေပေါ့..အဲဒါ
မင်းကိုပြန်တွေ့ခွင့်ရလို့လေ....
*ချစ်သူရေ......
ငါ...ထပ်ပြီးငိုရတော့မယ်
မင်းတို့ရဲ့မင်္ဂလာသတင်းကြောင့်ပေါ့..အဲဒါ
မင်းကိုစွန့်လွှတ်ရမှာစိုးလို့လေ..
*ချစ်သူရေ.....
ငါဟာအသုံးမကျတဲ့ကောင်ပါ
မင်းအတွက်ဆိုရင် ငိုဖို့ ရည်ဖို့ပဲ
တတ်နိုင်တဲ့အဆင့်...အဲဒါ
ငါ့..ရဲ့.ခွင့်လွှတ်ခြင်းပါ...
ဘာကြောင့်လဲဆိုတော့...
မင်းကိုအမြဲတမ်းပျော်ရွှင်နိုင်စေဖို့ပေါ့....
                             kozin(ဓာတု)

Thursday, July 31, 2014

pyae soun

Like

နောက်ကျအချစ်

လမိုက်ညရဲ့ ကောင်းကင်မှာ
အရောင်မစုံသော ကြယ်ပွင့်လေးတွေ
ကြီးစိုးလို့နေလေရဲ့....
တစ်ခဏတာထွန်းတောက်မှု့ဟာ
သူတို့အတွက်...အလှပဆုံးမျှောင်လင့်ချက်ပါ
ဒါပေမဲ့ချစ်သူရယ်,..
အထီးကျန်လူသားတစ်ဦးအတွက်
လမိုက်ညဟာ သာယာမှု့မရှိခဲ့သလို
မျှော်လင့်ချက်တွေလည်း အဆုံးမဲ့နေခဲ့တယ်
အတောင့်တဆုံးမေတ္တာတစ်ခုကို
အလိုအပ်ဆုံး အချိန်ထက်
နောက်ကျခဲ့ပြီးမှ ရရှိလို့ထင်ပါရဲ့ ချစ်သူပေးတဲ့
အထူးခြားဆုံးသော လွမ်းဆွတ်ခြင်းကို
နေ့စဉ်နဲ့အမျှ...ခံစားနေခဲ့ရပြီလေ...
                                kozin(ဓာတု)