-အသွားထက်တဲ့ ဓားတစ်လက်နဲ့
ငါ့နှလုံးသားကို ထိုးစိုက်သွားပါချစ်သူ...
-ရက်စက်ခြင်းတွေအပြည့်နဲ့ ကြေကွဲခြင်းခြင်းတွေအပြည့်နဲ့
အဆုံးသတ်မဲ့တဲ့ငါ့ရဲ့ဘဝ.....
သေဆုံးခြင်းသို့ရောက်ရှိနေတဲ့ဘဝတစ်ခု..ကို
မင်းမြုပ်နှံလိုက်ပါ...ငါ့မျက်ရည်မစိုစွတ်ခင်အထိပေါ
ငါလေ...ပွဲဦးထွက်မှာအရှုံးတစ်ခုနဲ့
ရင်ဆိုင်ခဲ့ရလို့...ရှုးမတတ်ခံစားဖူးတယ်...ဒီနေ့အထိပေါ့...အချစ်ဆိုတာ
လွယ်လွယ်ကူကူနဲ့ဖန်တီးထားတဲ့
အရာမဟုတ်မှန်းလည်းငါသိခဲ့တယ်..ဒါ့ကြောင့်.
ငါ့နောင်တကိုငါပြုပြင်ချင်တယ်...ဒါပေမယ့်...
ချစ်သူရေ.."အရှုံးသမားတိုင်း..အခွင့်အရေး
အပြည့်အဝမရရှိကြဘူးလေ.."
မင်းသိမှာပါ..မင်းထားရစ်ခဲ့တဲ့နေ့ကလေ..
ငါရှေ့ဆက်ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့တယ်..
"လျှောက်နေကြလမ်းမကြီးဟာ..
လမ်းစ...ပျောက်လို့...အဲဒီချိန်မှာ
ငါမျော်လင့်ခဲ့တာက..မေတ္တာမီးအိမ်ပိုင်ရှင်ဆိုတဲ့
ချစ်သူကိုပါ..အခုတော့..ငါ့ဘဝမှာ
အက်ကွဲကြေမွနေတဲ့..အစားထိုးမရတဲ့နှလုံးသားအပိုင်းအစတွေ..မျက်ရည်ဥတွေ
ခမ်းခြောက်ကုန်တဲ့...နွေရာသီဆန်ဆန်
ငါ့မျက်ဝန်း..ပြုံးခြင်းမဲ့သွားတဲ့ငါ့နှုတ်ခမ်းတွေ..
ငါနောက်ဆုံးထွက်သတ်ထိ,..မင်းကို..
လွမ်းဆွတ်နေမယ့်အကြောင်း.....
kozin(ဓာတု)့
ko latt
Thursday, July 31, 2014
ဖန်တီးမှု့လက်ရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment